Pages

Tuesday, September 1, 2015

မြို့ပြည ပုံရိပ်များ DVD ကာရာအိုကေစီးရီး တေးရေး ကောင်းထက် ၊ အဆိုတော် အောင်မွန်း နှင့် မိုး Z Power 9 BAND မကြာမှီထွက်ရှိပါမည်။

ကောင်းထက် (အနုပညာရပ်ဝန်း): မြို့ပြည ပုံရိပ်များ DVD ကာရာအိုကေစီးရီးတေးရေး ကော...

ကောင်းထက် (အနုပညာရပ်ဝန်း): မြို့ပြည ပုံရိပ်များ DVD ကာရာအိုကေစီးရီးတေးရေး ကော...: မြို့ပြည ပုံရိပ်များ DVD ကာရာအိုကေစီးရီး တေးရေး ကောင်းထက် ၊ အဆိုတော် အောင်မွန်း နှင့် မိုး Z Power 9 BAND မကြာမှီထွက်ရှိပါမည်။
မြို့ပြည ပုံရိပ်များ DVD ကာရာအိုကေစီးရီး တေးရေး ကောင်းထက် ၊ အဆိုတော် အောင်မွန်း နှင့် မိုး Z Power 9 BAND မကြာမှီထွက်ရှိပါမည်။

Saturday, August 29, 2015


မြို့ညပုံရိပ်များ DVD ကာရာအိုကေ Pop R&P Rock Music သီချင်းအသစ်များပါဝင်ပြီး အောင်မွန်းမှ(၈)ပုဒ် ၊ မိုး မှ(၄)ပုဒ်၊ တေးရေးကောင်းထက် မှ မြို့ပြညပုံရိပ်များ သီချင်း(၁)ပုဒ်တို့ ၊ပေါင်း(၁၂)ပုဒ်ပါဝင်သီဆိုထားကြပါတယ်။ 2015 ဒီဇင်ဘာလ မတိုင်ခင် ဆင်ဆာတင်ထွက်ရှိနိုင်အောင် တေးရေး ကောင်းထက် မှ ကြိုးစားစီစဉ်နေပါတယ်။ သီချင်းခွေအားပေးသူများကိုလည်း ခရီးသွားရင်း ကားမှာဖွင့်လို့ရအောင် Audio CD (၁)ခွေ လက်ဆောင်မွန်ထည့်ပေးသွားပါမည်။ မြို့ပြည အခွေထွက်ပြီးရင် အနယ်နယ်အရပ်ရပ်သို့ Live Show ပွဲတွေစီစဉ်သွားပါမည်။ သူငယ်ချင်းတို့လို ဂီတချစ်သူများကို အစဉ်မြေတောင်မြောက်ပေးသွားမည့် စီးရီးအသစ်များလည်း ဆက်လက်စီစဉ်နေပါတယ်။ အားပေးဦးနော် သူငယ်ချင်း။ စီစဉ်သူ ကျနောင် တေးရေး ကောင်းထက် တောင်ကြီး

Thursday, June 11, 2015

ချစ်သော ဂီတချစ်သူများခင်ဗျာ အဆိုတော်လုပ်ဖို့ စိတ်ကူး လက်တစ်ကမ်းမှာရှိနေစေရမယ် လို့ ယုံကြည်ပြီးလုပ်ခဲ့တာပါ။ ကျနော်ငယ်ငယ်တုန်းကသာ ဒီလို လုပ်ပေးတဲ့သူသာရှိရင်လို့ တွေးခဲ့မိပြီးလုပ်ခဲ့ပါ။ အဆိုတော်လုပ်ချင်သူအတွက် လက်တစ်ကမ်းပါဘဲ အောက်ပါနံပါတ်တစ်ခုရွေးချယ်လိုက်ပါနော် - (၁) သီချင်းများကို (၁)ပုဒ် ကျပ် ၃ သိန်းနဲ့ မူပိုင် အပြီးအပိုင် ရောင်းမယ်။ အတီးခွေပါ ပေးမယ်။ သီချင်းတစ်ပုဒ်တီးတဲ့အခါ အနုပညာကြေးနဲ့ ဧည့်ခံတာရယ် တွေးကြည့်ပျော်စရာကြီး။ သူငယ်ချင်းက အသံကောင်းပြီး သီချင်းဆိုဖို့ဝါသနာပါလျှက်နဲ့ အသက်အရွယ်နဲ့အချိန်အခါကို မဖြုန်းတီးပြစ်နဲ့ ။ (၂) နောက်တစ်ခုက ကျနော် စပွန်းဆာပေးမယ် ။ သီချင်းတွေ ကြည့်ပြီး တီးထွင်ဆန်းသစ်မှုတွေနဲ့ ဆိုပြနိုင်တဲ့နေ့ ဆက်သွယ်လိုက်ပါ။ ကျနော်ကတော့ အနုပညာကို ရိုးသားစွာကိုးကွယ် တန်ဖိုးထားနေသူမို့ သက်ထက်ဆုံးလုပ်ဖြစ်နေဦးမှာပါဘဲဗျာ။ (၃) သူငယ်ချင်းက အဆိုတော်လည်းဖြစ်ချင်တယ် အသံလည်း သင့်တင့်ရှိတယ် ဆိုရင်တော့ ဆက်သွယ်လိုက်ပါဗျာ ။ ယုံကြည်တယ်ဆိုရင် အကျိုးတူစာချုပ် နဲ့ ကုန်ကျစရိတ်အတူတှူမျှခံပေပါမယ်။ ကြိက်တာကိုရွေးချယ်ပါနော်။ လိုရင်းပြောခွင့်ရတာ ကျေးဇူးတင်ရှိပါတယ်။ လိုတာရှိရင် နားလည်ပေးပါခင်ဗျ။ အနုပညာကို ထာဝစဉ် လေးစားတန်ဖိုးထားနေတဲ့ တေးရေး ကောင်းထက်

Wednesday, June 10, 2015

မိတ်ဆက် စကား မင်္ဂလာပါ ချစ်သော သူငယ်ချင်းမိတ်ဆွေများ ခင်ဗျာ။ ကျနော် တေးရေး ကောင်းထက် ပါ။ ယခုလို ဆုံတွေ့ရတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျနော် မိတ်ဆက်စကားပြောရရင် ကျွန်တော်ရေးသားထားတဲ့ သီချင်းတွေကို လေ့လာပါ။ ကျနော်ကတော့ အဆိုတော် လုပ်ဖို့ မရည်ရွယ်ပါဘူး။ သီချင်းဆိုဝါသနာပါတဲ့ အလှမ်းဝေးနေတဲ့ အနုပညာ မောင်နှစ်မများအတွက် ယောကျာင်္လေး ၊ မိန်းကလေး သီချင်းလေးတွေတင်ထားပါတယ်။ နောက်လည်း ထပ်တင်ပါမယ်။ ဒီသီချင်းတွေကို လေ့ကျင့်ပြီး အခု ကျနော် နမူနာဆိုပြထားတာထက် ပိုမိုဆန်းသစ်တီထွင်ပြီး သီဆိုနိုင်ရင် ဆက်သွယ်လိုက်ပါ။ စီးရီးအသစ်(၁)ခွေက သူငယ်ချင်းအတွက် ဖြစ်လာပါလိမ့်မယ်။ ကျနော်ကတော့ တချို့သီချင်းတွေကို စတူဒီယိုမှာဆိုထားပြီး တချို့ကို အိမ်မှာဘဲ အလွတ်အသံသွင်းထားတာမို့ ကီးမကိုက်တာတို့ ၊ ပတ်ဝန်းကျင်အားနာပြီး ကီးမရောက်သလိုဖြစ်နေတာတွေ စတဲ့ အားနည်းချက်တွေရှိပါတယ်။ တကယ် သီချင်းဆိုဝါသနာပါရင်တော့ ကျနော်လည်း ကူညီသင်ကြားပေးသွားမှာပါ။ အားငယ်စရာမလိုပါဘူး။ မူရင်းအသံကောင်းသူအတွက် စတူဒီယိုက အားဖြည့်ပေးသွားပါလိမ့်မယ်။ စပွန်ဆာ နဲ့ ရှယ်ယာထည့်ဝင်ချင်သူအတွက်လည်း ကြိုဆိုပါတယ်။ သီချင်းဆို ထောက်နေရင်လည်း ပြောပြပြီးပြင်ဆိုပေါ့။ စာသားတွေကိုလည်း အချောသတ်တဲ့နေ့အထိ ပြင်နေတုန်းပါဘဲ ။ အချိန်သည် ဒီရေ နဲ့ လူကိုမစောင့်တဲ့။ အချိန်ရှိတုန်း အသက်အရွယ်ရှိတုန်း လုပ်ရတဲ့ အနုပညာ အဆိုတော်ဘ၀ ကို လက်လွတ်အခံပါနဲ့လို့ ။ ကျန်းမာ ချမ်းသာကြပါစေ ကျနော် ကောင်းထက် ။
မင်္ဂလာပါ ချစ်သူငယ်ချင်းများခင်ဗျာ တေးရေး ကောင်းထက် ရေးသားပြီး ကိုယ်တိုင် နမူနာအဖြစ် ကြိုးစားသီဆိုပြထားသော အချစ်သီချင်းအသစ်များဖြစ်ပါသည်။ ကျနော့်အနေဖြင့် အချို့သီချင်းများကို ကီးရောက်အောင် သီဆိုပြရန် အခက်အခဲရှိနေပါသဖြင့် အဖြစ်သာ ဆိုပြထားခြင်းဖြစ်ပါသည်။ ဥပမာ -မိန်းကလေးသီချင်းနှင့် ကီးမြင့်သောသီချင်းများပါ။ ကျနော်သီချင်းများအား ဆက်လက်တင်သွားမည်ဖြစ်ပါသည်။ ဒီလို တင်ထားတဲ့ရည်ရွယ်ချက်(၂)ခုရှိပါသည်။ (၁)အဆိုတော်ဖြစ်ချင်သူများ ကျနော့်သီချင်းများလေ့လာကြပါရန်နှင့် စာရွက်ကြည့်ပြီး ဆန်းသစ်တီထွင်မှုများနှင့်သီဆိုနိုင်တဲ့နေ့ အသံလာရောက်စစ်ဆေးခံကြပါ။ ရွေးချယ်ခံရပါက စီးရီးခွေအဖြစ် ထုတ်လုပ်ဖြန့်ချီပေးသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ (၂)ကျနော်သီချင်းများအား ခွင့်ပြုချက်တောင်းပြီး အသုံးပြုနိုင်ရန် တင်ထားခြင်းဖြစ်ပါသည်။ နောက်ထပ် တင်သွားပါဦးမည်။ ကျေးဇူးများစွာတင်ပါသည်။ အောင်မြင်လာဒီသီချင်းတွေဖြစ်မြောက်အောင် ကျေးဇူးရှိနေသော လားဟူတိုင်းရင်းသားများအား အကျိုးပြုသွားမည်ဖြစ်ပါသည်။